Sunday, July 11, 2010

ခေတ်သစ်မဲဇာ

နှင်းရည်စက်လက် ခင်းမြက်ရွှေရည်

မြူခိုးဝေ့သီ နံက်ခင်းသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ရာသီအုံမှိုင်း လေအေးသုန်သုန်

ချမ်းလို့တုန် သင်္ကြန်ရက်လား ထင်မှတ်မှားသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ဥသြောတွန်ကြူး ပွင့်ဖူးပိတောက်

စိမ်းလဲ့ကြည်ကြည် ဝန်းကျင်သည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ပူပြင်းနေရောင် တောက်လို့လောင်

လေပွေဆော့ကစား သစ်ရွက်များသည်

ရွှေပြည်ကြီးကို လွမ်းမိပြီ။

ကြင်ဖော်နှင့်ဝေး ငှက်ကျေးတမာ

ခိုနားစရာ ဓါတ်ကြိုးရှာသည်

သြော်….. ရွှေပြည်ကြီးကို လွမ်းမိပြီ။

ရေတမာ

8း08am Sun

11-07-10

12 comments:

မြူးမြူး said...

မိုက်တယ်.. ဓာတ်ကြိုးရှာသည်ဆိုတာလေး သဘောကျတယ်..း)

တလနွန် said...

ကဗျာလေးက မိုက်တယ် သူငယ်ချင်း။

ရွှေပြည်ကြီးကို လွမ်းတဲ့နေရာမှာ

ဓါတ်ကြိုးပေါ်မှာ ငှက်လေးနားတဲ့

အပိုဒ်လေးတော့ သဘောအကျဆုံးပဲ။

Anonymous said...

ငှက်ရေတမာ

ဓါတ်ကြိုးအမြန်သွယ်ပေးမည်

ပိုးဟပ်လေး said...

ကျာတမေး ကျေးတမာလေးရေ...
ကဗျာလေးကို ကြိုက်တယ်ဟေ့...



ခင်တဲ့
ပိုးဟပ်လေး

မမ said...

ဘယ်နားက ရာသီက လေအေးသုန်သုန် တွေ ချမ်းအောင် တိုက်နေတုန်း....အေးချင်လို့...

ဓါတ်ကြိုးမရှာ နဲ့ ဓါတ်လိုက်နေမယ်...း)

Sein Lyan Tun said...

မန်ဒါလီ ငှက်ကတော့ ကြင်ဖော်နဲ့ ဝေးနေရင်တောင် ဝက်အူချောင်း မကြိုက်လောက်ဘူးထင်တာပဲ....း)

သြော်.. ဘာတွေ့တွေ့ အလွမ်းတွေ ဖြစ်တတ်တာ ဘယ်အသက်အရွယ်အပိုင်းအခြားလဲ မသိဘူး.ကွာ..

ရေတမာ said...

မမြူးး))))))

တုနန် မင်းတော့ မနားချင်ပါနဲ့ကွာ ဓါတ်ကြိုးကမခိုင်လောက်ဘူး lol

ဘူလဲဗျ အနောနိမတ်

ပိုးဟပ်လေး ရှဲ၇ှဲ

မမ ၅ နာရီလောက် အပြင်ဖက်ထွက်ကြည့်ပါ အေးတာမှ တုန်လို့

အကို x-( အရွယ်တော်တစိတ်ဟိုင်း ၂၀ ကျော် အစိတ်ပိုင်းလည်း လွန်းတတ်ပါဒယ်

သုခုမလေဒီ said...

ရေတမာ ရာတမေ ရေ... ခေတ်သစ်မဲဇာလေးဖတ်ရင်း အလည်လာပါတယ်။ ပိုစ့်ကြွေးလေးတွေလည်းဖတ်သွား လေရဲ့။ အခုတော့ ဘလော့အိမ်တွေမရောက်ခဲ့တဲ့ တလကျော်အတွင်း ကြွေးတွေဆပ်မကုန်နိုင်ဘူးဖြစ်နေပြီ

စီဗုံးမပေါ်လို့ မန့်ခဲ့ပါတယ်း))) အဆင်ပြေပျော်ရွှင်ပါစေ။

သုခုမလေဒီ said...

ရေတမာ ရာတမေ ရေ... ခေတ်သစ်မဲဇာလေးဖတ်ရင်း အလည်လာပါတယ်။ ပိုစ့်ကြွေးလေးတွေလည်းဖတ်သွား လေရဲ့။ အခုတော့ ဘလော့အိမ်တွေမရောက်ခဲ့တဲ့ တလကျော်အတွင်း ကြွေးတွေဆပ်မကုန်နိုင်ဘူးဖြစ်နေပြီ

စီဗုံးမပေါ်လို့ မန့်ခဲ့ပါတယ်း))) အဆင်ပြေပျော်ရွှင်ပါစေ။

MDW said...

ကြင်ဖော်နဲ့ဝေးနေတဲ့ ငှက်ကျေးတမာ အပြတ်ဆွေးကာနေရင်လဲ ဓာတ်ကြိုးမှာတော့ မခိုနားပါနဲ့လေ။ ရွှေပြည်ကြီးက ဓာတ်ကြိုးတွေက စိတ်ချရတာမဟုတ်ဘူး။ :)

နွေးနေခြည် said...

ကြိုက်တယ်။
ကောင်းတယ်။

leomark said...

သိနေတယ်..နော်...ရွှေပြည်ကြီးကို ..ရွှေပြည်ကြီးကိုဆိုပြီးးးး။
လျှောက်ပြောနေတာ..
ဘာကြင်ဖော်မှ ရှိဘဲနဲ့ရယ်။ ဟီးးး