Tuesday, June 15, 2010

တချိန်က သူတို့

မိသားစုနဲ့အတူ ခရီးသွားချင်တဲ့ စိတ်ကူး ကူးနေတုန်း(ဘယ်လိုကူးလဲတော့ မသိဘူး) ငယ်ငယ်က ဆွေမျိုးတွေ အုပ်လိုက်ကြီး (ဖတ်မိကြရင်တော့ စိတ်နာလောက်တယ်) ခရီးသွားခဲ့တာတွေ ပြန်ပြီး အမှတ်ရမိပါတယ်။ ရှိလှ ၁၀နှစ် ၁၁ နှစ်ပေါ့။ နှစ်တိုင်းလိုလို ဘုရားဖူးထွက်ဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရတွေမို့ နောက်မသွားတော့ဘူး မခေါ်တော့ဘူး အဆူခံထိတာလည်း မနည်းလှဘူး။ ပုဂံဘုရားလေးဆူ တမနက်တည်းဖူးကြတယ်။ နေမကောင်းနေတဲ့ အမေတောင် ပုပ္ပါးတောင်ပေါ်ထိရောက်အောင် သွားတယ်။ ဒေါင်းသေချောင်းကြီး ရေတွေကျတော့ ကားတွေကူးမရ။ ထွန်စက်တွေ ဆွဲတာစောင့်ရတာတွေ။ ပုပ္ပါးရောက်တော့ အနွေးထည်မပါလို့ ခိုက်ခိုက်တုံအောင် ချမ်းတာတွေ ပြန်တွေးမိတော့လည်း မနေ့တနေကလိုပဲ။

အဘွားနဲ့အဒေါ်က နတ်ကို တော်တော်လေး ယုံကြည်ကိုးကွယ်ကြတယ်။ အိမ်မှာ အုန်းဆွဲတယ်။ ကြွက်မြီးဆိုတာကို အဲဒီမှာ စသိတာ။ ဈေးကနေ အုန်းသီးကို ကြွက်မြီးမကျိုးအောင် ကိုင်လာရတာကိုး။ မနက်ဆို အညှာမချိုးထားတဲ့ ကွမ်းဝယ်ပေးရတယ်။ ညဆို လိုက်ကာအနီလေးပိတ်ပေးရတယ်။ အဘနဲ့ ဦးလေးက ဝါသနာပါမပါတော့ မသေချာဘူး။ မလွန်ဆန်နိုင်လို့လား ရိုးရာမို့လို့လားတော့မသိဘူး သိပ်ပြီး ကန့်ကွက်တယ် မရှိလှပါဘူး။ ဦးလေးဆို သူကိုယ်တိုင်တောင် လိုက်ပို့သေးတာပဲ။ နတ်ဟောရင် ခေါင်းတညိတ်ညိတ်နဲ့။ အဘကတော့ သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိလှပါဘူး။ ဘုရားသမား။ အဘွားနဲ့အဒေါ်က လင်ပန်းကြီးနဲ့ ဆွမ်းတော်ကပ်တော့ ရိုးရာဆိုပြီး လွဲချလိုက်တာလည်း ဖြစ်ကောင်းပါတယ်။

အဘွားတို့က ပခန်းကိုကြီးကျော်ကိုးကွယ်တယ်။ မြင်းဖြူရှင်တွေ ဘာတွေလည်းတက်တယ်။ တောင်ပြုံး ရတနာ့ဂူလည်းရောက်တာပဲ။နတ်ပွဲတွေသွားတဲ့ ခရီးစဉ်တွေကတော့ အပျော်ဆုံးပေါ့။ စားစရာတွေ ပေါများသလို ပိုက်ဆံလည်း တွက်ခြေကိုက်။ အထူးအဆန်းတွေလည်း တွေ့ရသကိုး။ သူတို့နတ်မေးမေးနေတဲ့ ဆရာလေးတယောက်ရှိတယ်။ နတ်ရာသီဆို ဝါသနာပါရာ အပေါင်းအသင်းတွေအကုန်စုပြီး သွားကြတော့တာပဲ။ အမျိုးသမီးတွေဆိုတော့ ခရီးသွားရင် စားစရာကိုအိမ်ကလုပ်သွားကြတာ။ အဲဒီအချိန်မှာ အိမ်ချက်ဆိုပေမယ့် စားရတဲ့အရသာက တမျိုးလေးနဲ့တော်တော်ကောင်းတယ်။ တခုတော့ရှိတာပေါ့ ဝက်သားငတ်တယ်းP။

အဘွားက နတ်ကိုးကွယ်မှု ၁ကျပ်ဖိုးလောက်ရှိတော့ အမေက နတ်ကိုးကွယ်မှု ငါးမူးဖိုးလောက်တော့ ရှိမယ်ထင်တယ်။ အိမ်မှာ အဒေါ်တင်တဲ့ အုန်းဆွဲမဖြုတ်ပေမယ့် ဘုရားခန်းသီးသန့်ထားထားပေးတယ်။ အိမ်ခွဲနေတဲ့ အကိုနဲ့အမက မကိုးကွယ်တာ သေချာတယ်။ အမကြီးကတော့ မိဘအိမ်မှာ နေနေရတာဆိုတော့ မကိုးကွယ်ပေမယ့် မိန်းမသားသဘာဝအရ လက်တော့ လက်ခံဦးမယ့် သဘောမှာရှိတယ်။

အခုဆိုရင် နိုင်ငံခြားမှာ ရွှေပြောင်းအလုပ်လုပ်၊ နေထိုင်တဲ့ သူတွေများလာပါပြီ။ မြန်မာအိမ်တွေလည်း အတော်သင့်အတန်သင့်များလာပြီ။ အုန်းဆွဲတာ မတွေ့ရတော့သလို၊ ဘုရားစင်နဲ့ ရုပ်ပွားတော်လည်း သေးသေးသွားတာ သတိထားမိတယ်။ ကျနော်တို့ မျိုးဆက်ကစပြီး နတ်ယုံကြည်မှု လျော့နည်းတာတွေ တွေ့လာရတယ်။ ၁၀နှစ်အရွယ် ကလေးကတောင် နတ်ဝင်သည်ကို အပ်နဲ့ ထိုးပြီး ဝင်မဝင် စမ်းသပ်ကြည့်ချင်နေပြီ။ ကျနော်အထင် နောက်ဆိုရင် နတ်ကိုးကွယ်တွေ ပ,ပျောက်သွားမလားမသိဘူး။ ဒါပေသိ နတ်ပွဲတွေကတော့ စည်ကားမြဲ စည်ကားနေတုန်းပဲထင်တယ်။

မနက်ဖက်အိပ်ကောင်းတဲ့အချိန် အဘွားနဲ့အဒေါ်တို့ရဲ့ နတ်တိုင်တည်သံ၊ နှင်းဆီပန်းလေးတွေ ထည့်ပေးရတဲ့ မနှဲလေး စဥ့်အရုပ်အိုးလေး၊ ဘဲဥ၊ ဖိနပ်သေးသေး၊လက်ကောက်သေးသေး နဲ့ အမေကြမ်းရဲ့ ဆဲဆိုသံ ကိုကြီးကျော်ရဲ့ ကြက်ကြော်နဲ့ အရက်ပုလင်းကို မြင်ရောင်ရင်း..................။

ရေတမာ
2း28pm tue
16/06/10

10 comments:

မိုးခါး said...

ငယ်ငယ်တုန်းက ခရီးတွေ ထွက်ခဲ့တာ သတိရသွားပြီ .. လျှောက်သွားချင်တယ် ..း)

ပိုးဟပ်လေး said...

တို့တွေ မပြန်နိုင်သေး သမျှတော့ ဒီလိုပါပဲ
သူငယ်ချင်းရယ်....

မိုးခါး said...

ငယ်ငယ်တုန်းက အမေဘက်က အဘွားအိမ်မှာနေတုန်းကပေါ့ ..
အိမ်မှာ အိမ်တွင်းရှိတယ် .. မီးဖွင့်ရင် လိုက်ကာပိတ်ပေးရတယ် .. ဒါထက်ပိုပြီး မမှတ်မိဘူး

အမေနံကရိုင်း ဆိုတာကတော့ ထီတွန်းလှည်းတွေ ရှေ့မှာ မြင်ဘူးတယ်

နောက်ပိုင်း အဘွားတို့ နဲ့ အတူမနေပဲ အိမ်ခွဲနေကြတော့ ဘုရားစင်ပဲ အိမ်မှာ ရှိတော့တယ်
ဗေဒင်တခါသွားမေးတုန်းကတောင် အိမ်မှာ ဘာရှိလား ညာရှိလားမေးတော့ ငါက မရှိဘူးချည်းဖြေလို့ ဘုရားမှ တပါးကိုးကွယ်ရာမရှိပါလားဆိုပြီး အငေါ်တူးခံရသေးတယ်

ငါ့ပတ်ဝန်းကျင်မှာတော့ နတ်ကိုးကွယ်တဲ့သူ(နှစ်နှစ်ကာကာ)ပေါ့သိပ်မရှိဘူး
အဖေတို့ အမျိုးတွေကလည်း ရတနာသုံးပါးပဲ
ခုနောက်ပိုင်း အမေ့ဘက်ကလည်း ရတနာသုံးပါးပဲ
ငါတို့လို လူမျိုးတွေချည်း ကျန်မယ်ဆို နတ်ကိုးကွယ်မှု ပျောက်သွားနိုင်တယ်

ဒါပေမယ့် တချို့ကတော့ ယုံကြည်ရာ ရိုးရာဆိုတာတွေ လုပ်နေတုန်းပဲ .. သိပ်နားမလည်တော့ မပြောတတ်ပါဘူး .. ပျောက်ကွယ်ဖို့တော့ မထင်သေးဘူး .. ဒီလိုပဲ ရှိနေကြဦးမယ်ပဲ ထင်တယ်

မမ said...

နတ်တွေ အကြောင်းတော့ မသိဘူး...ပုပ္ပါးတောင် ပေါ် တတ်တာ အမောဆို့ နေတာတော့ သတိရသွားတယ်....ဒေါင်းသေချောင်း ကြီးကိုပါပေါ့...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကျနော်တို့ အညာမှာတော့ အိမ်တိုင်းလိုလို နတ်အုန်းသီးလေး ဆွဲထားတဲ့ အယူအဆ ရှိနေသေးတယ်။

ကိုကြီးကျော်ရဲ့ ကြက်ကြော်နဲ့ အရက်ပုလင်း ကိုတော့ ကျနော်လဲ မြင်ယောင်မိနေတယ် ဗျာ... :) :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Angel Shaper said...

ဒါက အိမ်ကို လွမ်းလို့လားးးးးးးးး ရာကြီးးးးးးးး
တွေ့မှ ရာကြီး နတ်ဝင်သလား အပ်နဲ့ထိုးပြီးစမ်းသပ်ကြည့်ရမယ်.....
အကြံရသွားပြီ..... :P

ရေတမာ said...

ပိုးဟပ်လေး ငါ့ပြောတာလား မိုးခါးကိုပြောတာလားးP

မိုးခါး ငါတို့မျိုးဆက်တွေကနေ အမြစ်သတ်လိုက်မယ်ဆိုရင် သက်တမ်းရှည်ကိုးကွယ်မှုကြီး ကြာကြာသက်ဆိုးရှည်မယ်မထင်ပါဘူး။

မမ ရွှေပုပ်ပါး သွေးဆေးလေး ရှု

ကိုမျိုးရေ ဂလုးP

အိမ်ကျယ် ငါက အမေဂျမ်းဝင်မှာ ကော်ဆဲထည့်လိုက်မယ်

rose of sharon said...

နောင်ဆိုဒါမျိုးတွေက ရာဇဝင်ထဲမှာဘဲရှိတော့မယ်ထင်တယ်နော်... လွမ်းလောက်ပါတယ်

မမ said...

အင်း တချိန်က ပေါ့...:P

ဏီ(န်)ကင်း said...

သိပ်မသိဘူးဗျ.....
နတ်ကို....
ငယ်ငယ်ကတော့ရှိခိုးမိတယ်ထင်တယ်...
ရှင်ပြုပြီးကတည်းကဒီလိုပဲဖာသိဖာသာပဲနေတယ်...