Monday, November 16, 2009

ကံမွဲ

credit to : http://www.flickr.com/photos/zeeny79/74153795/

တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်။

ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
တခါတလေ လှိုင်းတံပိုးအောက်မှာ ကျဆုံးတတ်တယ်။

တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တွေတောင်
တခါတလေ ရန်သူလက်အောက်မှာ ကျဆုံးတတ်တယ်။

ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတလေ ထိုးသားလက်အောက်မှာ ကျဆုံးတတ်တယ်။

မြွေတွေနဲ့ ယဉ်ပါးပြီးသား အလမ္မါယ် ဆရာတောင်
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်။

အချစ်ရေးရာမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ မင်းလည်း
ချွတ်ချော်တိမ်းပါးပြီး အချစ်စစ်စစ်အောက်မှာ မကျဆုံးပါစေနဲ့။

ရေတမာ
9း09 mon
16-11-09

18 comments:

kiki said...

ရာတမေ တယောက် လည်း အချစ်ကဝေရှင်မကြီး ရဲ့ လှည့်စားမှုအောက်မှာ မရူးသွပ် ပါစေနဲ့  ....

(မရှောင်ရင် လွတ်မဟေ့ နော် .....
သတိထား နေ ...)

rose of sharon said...

ဘာလို့လဲ... အချစ်စစ်စစ်အောက်မှာကျဆုံးတာ မကောင်းဘူးလား

စည်သူ said...

အင်း..

ဖော်ပြချက်လေးတွေ ကောင်းတယ်ညီေ၇..

လူ့ဘဝကြီးက ချိန်ကွင်ပေါ်မှာ နေနေ၇သလိုပါပဲ..
ဟိုဘက်လေးလည်း ရှာထွက်
ဒီဘက်လေးလည်း ရှာထွက်..

ပျော်ရွှင်ပါစေ
စည်သူ။

ပုံ့မေ said...

အချစ်စစ်စစ်အောက်မှာ ကျဆုံးတော့ ကောင်းတာပေါ့ဟ... မစစ်မှ ခက်ပေ့ ဟုတ်ပေ့ ဖြစ်နေမယ်...

နင့်နှိုင်းချက်လေးတွေကမိုက်တယ်...

စိုင်းစိုင်းလားရှိုး said...

ကဗျာကောင်းလေး တစ်ပုဒ်ပါ ရေတမာ..
ခိုင်းနှိုင်းချက်လေးတွေကို သဘောကျတယ်။
အများအားဖြင့်တော့ ကိုယ့်ကိုကိုယ် စစ်တယ်လို့ ထင်တတ်ကြတယ်။
တစ်ခါတစ်ရံ မှတ်ကျောက်တင်ကြည့်ပါလား စစ်မစစ် ဆိုတာကိုလေ... စတာပါ ရေတမာလေးရေ..
သူမလေးကို အချစ်စစ်အောက်မှာ မကျဆုံးစေပဲ..
အချစ်စစ်အောက်မှာ ခိုလှုံခိုင်းပါလား ?

Angel Shaper said...

အညာသားစစ်စစ်ပါဆိုတဲ့ လူလည်အညာသား ရာတမေ
ကန်မလေးရဲ့ မာယာကျော့ကွင်းမှာ မကျဆုံးပါစေနဲ့။ အဟက် ( ကန်မလေး=ညီမငေး) ဟိဟိ
ဖွလိုက်ပီဝေးးးးးးးးးးးး

နှင်းနဲ့မာယာ said...

ရာတမေ ရေတမာ...
သူများကို အဲလို မပြောကောင်းဘူးလေ...
အချစ်စစ်စစ်နဲ့တွေ့တော့ ကောင်းတာပေါ့...
အညာသား အချစ်က ပိုပါတယ် အညာသူအချစ်လေးရယ်
တော့မလုပ်နဲ့ ဟဲဟဲ.....

မနှင်း

မိုးခါး said...

သြော်
ကိုရေတမာလည်း ခံစားနေရတယ်လား ...း)))

Ree Noe Mann said...

ငါ့ညီ ကိုယ်တိုင် မဟုတ်ပါစေနဲ့ကွာ။

ကိုရီနို

ညီညီ said...

ကျေးဇူးတင်ပါတယ်ဗျာ.။ မရှောင်နိုင်လို့ခက်နေပါတယ်ခင်ဗျာ။
ဖေါ်ပြချက်လေးကောင်းပါတယ်.။

ခင်မင်တဲ့

ညီညီ

မိုးစက်အိမ် said...

ပြောပြလိုက်စမ်းပါ ရေကြီးရာ ဌဲ ဌဲ

kaungkinpyar said...

အချစ်စစ်စစ် ဆိုတာ ဘာကြီးတဲ့ တုန်း၊ ချက်စားလို့ ရလားဟင်...

kaungkinpyar said...

အချစ်စစ်စစ် ဆိုတာ ဘာကြီးတဲ့ တုန်း၊ ချက်စားလို့ ရလားဟင်...

ဇော် said...

ကိုယ့်ကိုယ်ကိုယ်များ သတိပေးထားတာလားဟင် ..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

အော်..လောကမှာ အတုန့်အလှည့် နဲ့ နိမ့်ချီမြင်ချီတော့ ဖြစ်နေကြတာ သဘာဝပါပဲလေ..
မုဆိုးတွေ သားကောင်ဖြစ်လိုက်... လောင်းကစားဒိုင်တွေ ထိုးသားအောက်မှ ကျဆုံးလိုက်နဲ့..
အမြဲတမ်း အနိုင်နဲ့ကြီးပဲတော့ မဖြစ်နိုင်ပါဘူးလေ..
အချစ်ရေးရာမှာတော့ ဘာမှ မပြောလိုတော့..


ခင်မင်စွာဖြင့်
ကိုမျိုး

leomark said...

ဟ..ပေါက်ကွဲသံစဉ်တွေ ထွက်လာပြီဆိုတော့..အဟဲ..ဆရာ
တွေ့နေပြီထင်တယ်။ အချစ်စစ် ဆိုတော့ အတုတွေရှိတဲ့ သဘောပေါ့။ အင်း..သတိထားမှပဲ..တော်ကြာ ကိုယ့်ဆီရောက်လာလိမ့်မယ်။ ဟီးးး

မြစ်ကျိုးအင်း said...

တချို့က၀င်တိုးချင်ကြသေးတယ်ကွး)

မငုံ said...

ပိုးဖလံမျိုး မီးကိုတိုးတဲ့ ။ ကျရှုံးချင်လို့ကို စွတ်ဝင်လာတတ်တယ်ဟ။ ကဗျာလေးကောင်းတယ်