Thursday, November 05, 2009

ကြာပြီ

ကယ်ရီယာလေးက
နားနေရတာကြာနေပြီ

လေပြေလေးတွေကလည်း
မင်းဆံပင်က ရနံ့လေးတွေ မသယ်ဆောင်ရ ကြာပြီတဲ့

မိုးစက်လေးတွေကလည်း
မထိတွေ့ရတော့ဘူးလားတဲ့

တယ်လီဖုန်းလေးနဲ့ ရယ်သံလွင်လွင်လေးတွေကလည်း
မင်းကိုမျှော်နေကြတယ်

ကိုရီယားအလွမ်းဇာတ်လမ်းလေးလည်း
သူတို့ကို ကြည့်ပြီး ရီမောနေကြတဲ့ သူနှစ်ယောက်ကို လိုက်ရှာနေတယ်

မျက်စောင်းလေးနဲ့ လက်သီးဆုပ်တွေကလည်း
ဘယ်သူ့ကို မဲရမလဲတဲ့

ဆေးလိပ်ငွေ့လေးတွေကရော
သူတို့ကို မာန်မဲသူမရှိလို့ ပျော်နေလား မသိဘူး။

ငါကရော
လွမ်းနေရတာကြာနေပြီ

ရေတမာ
4း03 pm THU
05/11/09

17 comments:

kiki said...

အိုးးးးးး
ဘာလို့  အဲ့လောက် အကြာကြီး နေရတာလဲ ..
ဒုံးပျံခေတ် လေ ။ ဒုံးပျံခေတ် ရောက်နေပြီ ရာတမေ ရေ .. နောက်ကျရင် ၊ ပါသွားမယ်နော် ...
အဟက် ....

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

"ကြာပြီ" ဆိုတဲ့ ကဗျာလေးကို ခံစားဖတ်ရှု့သွားပါတယ် ခင်ဗျား...
လွမ်းနေရတာ ကြာပြီတဲ့...
ဆေးလိပ်ငွေ့လေးတွေကရော
သူတို့ကို မာန်မဲသူမရှိလို့ ပျော်နေလား မသိဘူးတဲ့..
အလွမ်းရဲ့သရုပ်ကို ဆေးလိပ်ငွေ့လေးတွေနဲ့ ..တွေးလဲတွေးတတ်ပါ့ဗျာ... ရေးလဲ ရေတတ်ပါ့။ ဧက အမှန်ပြောရရင်ဖြင့် လွမ်းနေသူက ဆေးလိပ်သောက်တာ မကြိုက်ဘူးနဲ့ တူပါရဲ့။

ခင်မင်စွာဖြင့်
ကိုမျိုး

ပုံ့မေ said...

မမကိပြောသလိုပဲ...... ငုပ်တုပ်ထိုင်လွမ်းမနေနဲ့ ... :)

ပါသွားမှ ဟုတ်ပေ့ဖြစ်နေမယ်... သတိထားဦးး

Angel Shaper said...

ရာတမေ....
ကြာနေပြီပေါ့။ ဟတ်လားးးးး
င့ါသူငယ်ချင်း ဆွေးနေ၊မြေ့နေတာ ကြာပြီဆိုတော့ သေချာတယ်...ဘယ်တော့ ပုပ်မလဲ မသိဘူး။
မကြာခင်ပြန်လာချောင်းမယ်နော်။ အဟဲ

rose of sharon said...

သြော်ဖြစ်မှဖြစ်ရလေ.... ဘယ်သူကများ ငါ့မောင်လေးကို ဒီလောက်အကြာကြီး လွမ်းခိုင်းထားတာလဲ

မိုးခါး said...

ကိုရေတမာ လွန်းနေတယ်ပေါ့ ...း))))
ဘယ်လောက်ကြာပြီဒုန်း :D

မေလေး said...

ွှအဟီးးးးးးး ကိုရာတမေ တယ်ဟုတ်
ခံစားချက်တွေနဲ့ပါလားဟေးးးးးးးးးး

ဖိုးသင်္ကြန် said...

ကိုယ်ပိုင်ခံစားချက်ဖြစ်မယ်ထင်ရဲ့
ကောင်းလိုက်တာ
ရုပ်နဲ့တောင် မလိုက်ဘူး

ဟီး

kaungkinpyar said...

ဟဲ့ ..ဟဲ့ သင်္ကြန်ရယ် ..ငါ့ မောင်လေးကို ဘယ်လို ပြောသွားတာတုန်းးးရုပ်နဲ့ အလွမ်းနဲ့ လိုက်ပါတယ်အေ...ဘာတဲ့..ကယ်ရီယာပေါ်မှာ ဆံပင်တွေ ကို လေပြေက လွမ်းနေတာတဲ့ ဆံပင် အရောင်းအ၀ယ် လုပ်ခဲ့တာ ကို လွမ်းတာနေမှာ ပေါ့..
လွမ်းပါ လွမ်းပါ..

မေလေး said...

ဘုတ်ဒေါ
ဂလိုလား မမပြာရ
နောက်ဆို ရာတမေလာတဲ့ပွဲဆို ကောင်မလေးတွေကို သတိပေးမှဖစ်မယ်
ဆံပင်တွေဖားလျားမချခဲ့နဲ့လို့
နိုမို့ကတ်ကျေးနဲ့ကိုက်သွားရင်
တေပီဆရား((((

ဆောင်းချမ်းမိုး said...

လွမ်းနေတုန်းပဲကိုး..
ဖိုးသင်္ကြန်ရှိပါသေးတယ်ကွာ..
အတူတူ လွမ်းကြပေါ့..

ခရေညို said...

ဘယ်ကိုသွားတာလဲဟင်? အကုန်လုံးက ပိုင်ရှင်မဲ့နေပါလား?
ကဲ ကိုရေတမာ ရဲ့ပိုင်ရှင်ရေ
်ဒီကဗျာလေးကို ဖတ်ရရင် အမြန်ပြန်သွားလိုက်ပါအုန်း။
လွမ်းနေတယ်တဲ့။ :)

စည်သူ said...

မျက်စောင်းလေးနဲ့ လက်သီးဆုပ်တွေကလည်း ဘယ်သူ့ကိုလွမ်းရမလဲတဲ့.. ဖတ်ရင်းနဲ့ ပါးတောင် ရွဲ့ချင်သလို ဖြစ်သွားတယ်..

ပြီးတော့မှ အဲလိုသာဆိုလို့ကတော့.. ကိုနော်ကို.. ကိုနော်ကို.. ဟေဟေးးးးးးး ထုချင်သလောက်တာ ထုပေတော့((((((((((((ဟေ့)))))))))))))

မောင်မနာဘူး(((((((((ဟ))))))))))

ပိုးဟပ်လေး said...

ရာတမေ....ကြာပြီဆိုတော့ နာလည်း ကြည်ပြာလေးကိုသတိရသွားပြန်ပြီကွာ
အစ်အစ်အီးးးးးးးး
အဟားဟားဝါးးးးးးးးး

Moe Cho Thinn said...

လွမ်းနေရင် စကားနားထောင်မှပေါ့။
သူမကြိုက်တဲ့ ဆေးလိပ် ဆက်သောက်နေလို့ ဆေးလိပ်ငွေ့လေးတွေဆိုပြီး ကဗျာစပ်နေသေးတယ် မဟုတ်လား။

သုခုမလေဒီ said...

ကြာပြီဆိုတော့ အချိန်လေးသိပါရစေး))
လူပျောက်စာရင်းလေးများထည့်နိုင်သေးလားလို့း))
အဆင်ပြေပျော်ရွှင်ပါစေ။

ကိုလူထွေး said...

ကြာပြီဆိုတာ မကြည်ပြာကို ပြောတာကိုးးးးး

းဝ)