သူများဘလော့တွေ သွားလည်ရင် comment တစ်ကြောင်းလောက် ပြောခဲ့သင့်တယ်။ ကိုယ့်စာတွေကျရင် comment တွေလိုချင်ပြန်ရော။ လူဝါးလုံးလုံးဝခြင်းမဟုတ်ရပါ။
ဆင်ခြေ
ဘလော့တွေ များများလာတာနဲ့အမျှ အချိန်တွေပေးရပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ ပိုစ့်ဆိုရင် အချိန်ပေးလိုက်ပါတယ်။ ပေးချင်တဲ့ မတ်ဆေ့ခ်ျ တိုတိုနဲ့ လိုရင်းပေးနိုင်အောင် ကြိုးစားမယ်။
စရေးကာစကတော့ ဘလော့သည် ကိုယ့်အတွက် ရေးတာကြာလာတော့ ဘလော့သည် ဘလော့ဖတ်သူအတွက်ဖြစ်နေတယ်။
မာန
မကောင်းတဲ့အရာမှန်း သိသိကြီးနဲ့ မဖယ်ရှားနိုင်သေးပါ။ ကိုယ်တိုင် အထိမခံနိုင်ဘဲ သူတပါးကို ပုတ်ခတ်ချင်တာလည်း အားနည်းချက်တစ်ခုပါ။ ပြုပြင်နိုင်အောင် ကြိုးစားရဦးမည်။
သူငယ်ချင်း
ဘလော့ကလေးက အစပြု သူငယ်ချင်းတွေ များများလာတယ်။ တပတ်တခါအမောတွေ သူတို့နဲ့တွေ့ရင် ပျောက်ပျောက်သွားတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ တပါတ်တခါ သူတို့နဲ့ တွေ့ပါရစေ။
ဆက်ရန်