Thursday, January 15, 2009

ကျနော်နှင့်၂၀၀၉ ကျွှဲများ

၂၀၀၈ နောက်ဆုံးညကိုကျနော်အပျော်ရွှင်ဆုံးကုန်ဆုံးချင်ပါသည်။ထိုကြောင့်လူများစည်ကားရာနေရာသို့သွားရန်ရည်စူးခဲ့ပါသည်။
သူငယ်ချင်းများအားထိုနေရာသို့သွားရန်စည်းရုံးခဲ့ပါသည်။စားကြ၊သောက်ကြ၊သီချင်းဆိုကြ၊ဂစ်တာတီးကြ၊စကြ၊နောက်ကြ ပျော်စရာကောင်း
မည်ဟုစိတ်ကူးဖဲရိုက်ခဲ့ပါသည်။ကျနော်ကြိုက်သောအစားအစာနှင့်ကျနော်ကြိုက်သောinternet နှင့်အလဲအထပ်ပြုလုပ်ခဲ့ပါသည်။
ကျနော်အလိုချင်ဆုံး ပျော်ရွှင်မှုဆိုသောအရာကိုခေတ္တခဏရယူရန်အားထုတ်ခဲ့ပါသည်။alcohol သည်လူ့ဦးနှောက်အတွင်းရှိ ပျော်ရွှင်စေသော
ကလပ်စည်းများကို အလုပ်လုပ်စေသည်ဟုရေးရေးမျှသိပါသည်။စိတ်ခံစားမှုမှလာသောပျော်ရွှင်မှုကိုပို၍မက်မောပါသည်။
ကျနော်တွင်ထိုခံစားချက်များပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပါသည်။ ဘာမှန်းမသိသောအရာနောက်တကောက်ကောက်လိုက်ရင်း
ဘာဖြစ်ချင်နေသလဲဆိုတာကို ဘယ်လိုမှမတွေးတတ်အောင်ဖြစ်နေပါသည်။

ထိုနေ့ညနေကတည်းက ကွဲပြဲကြပါသည်။တယောက်နှင့်တယောက်အမြင်မတူညီကြတော့ပါ။တာဝန်ယူမှုတွေ ကန့်သတ်လာကြပါသည်။
အစီအစဉ်မကျမှုတွေနှင့်အတူ စိတ်လက်ငြီးညူစွာ ပျက်လုလုအစီအစဉ်ကိုအတင်းမရမက စီစဉ်ခဲ့ပါသည်။တကွဲပြားနေထိုင်သောသူငယ်ချင်း
များကိုသွားရောက်ခေါ်ယူပြီးနောက်ကမ်းခြေသို့ထွက်ခွါခဲ့ကြပါသည်။

များပြားသောကားများနှင့်အတူ ကားပတ်ကင်လိုက်ရှာရင်း ၁၂နာရီမှာတဖြည်းဖြည်းနီးကပ်လာပါသည်။ယူဆောင်လာသောအစားအသောက်
များကို၁၂နာရီအမှီစားသောက်ရန်ပင်မဖြစ်နိုင်တော့ပါ။ နေရာထိုင်ခင်းရှာရင်း...တဖြည်းဖြည်း၁၂နာရီကရောက်လို့လာပါသည်။
ဘာမှန်းမသိပဲ မည်းနက်နက်ပင်လယ်ကြီးကိုကြည့်ကာ ကြောင်တောင်တောင် ဟတ်ပီနယူးရီးယားလိုက်ရပါသည်။
ယူလာသောအစားအစာများကို စာစာနှင့်ပင် ၂၀၀၉ မှာစားသောက်လိုက်ရပါသည်။
ကံမကောင်းချင်တော့ ယူလာသော ဂစ်တာမှာလည်းကြိုးခဏခဏပြတ်ပါသည်။
"လူညီတော့ ဤ ကိုကျွှဲဖတ် "သည်ဟု မှတ်သားဖူးပါသည်။
ကျနော်တို့လည်း လူငယ်သဘာဝပျော်ရွှင်မှုကို လူညီညီ ဖန်တီးခဲ့ချင်ကြပါသည်။
ယခုတော့ "ဤ"ဟူသောပျော်ရွှင်မှုသည် ပျော်ရွှင်မှုသက်သက် မညီသောလူများသည် ကျွှဲများသက်သက်သာဖြစ်ပါသည်။
မသေကောင်းမပျောက်ကောင်း၍သာအိမ်ပြန်ရောက်ရှိကြောင်းပါ။

No comments: