Thursday, December 25, 2008

ခရစ်စမတ် movie


ခရစ်စမတ်ရောက်တိုင်း ကျနော်ကြည့်ဖြစ်တဲ့ ဇာတ်ကားကတော့ Dr Seuss' How the Grinch Stole Christmas ဖြစ်ပါတယ်။ ကြည့်စကတော့ သိပ်စိတ်မ၀င်စားဘူးဗျ။ ကလေးကြိုက်ပဲ ထင်တာ။ ဟာသမင်းသား Jim Carrey ရဲ့မိသားစု အခြေခံဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ Whoville ရဲ့အပြင်ဖက်မှာ တကိုယ်တည်း အတတ်ကျူးပြီးခရစ်စမတ်ကို မုန်းနေတဲ့ Grinch(jim carrey) ကို ကလေးမလေး Cindy ကမိတ်ဆွေဖွဲ့၊ ခရစ်စမတ်ကိုအတူနွှဲဖို့ဖိတ်ခေါ်ပြီး Whoville နဲ့ပြန်ပေါင်းထုပ်ပေးခဲ့ပါတယ်။ ခရစ်စမတ်ပွဲတော်မှာ အတိတ်ဟောင်းကို သတိရပြီး Whoville ရဲ့ခရစ်စမတ်ကို ခိုးယူဖို့ကြိုးစားပါတော့တယ်။ Cindyလေးရဲ့ ဖြောင်းဖြမှုနဲ့အတူ အမြင်မှန်ရပြီး ခရစ်စမတ်ကိုပြန်ပေးရင်း သူငယ်ငယ်ကချစ်ခဲ့တဲ့ ချစ်ဦးသူနဲ့ပေါင်းဖက် ခဲ့ပါတယ်။ မိသားစုတစု၊ ပတ်ဝန်းကျင်တခုအရေးပါပုံကို ဟာသနှောပြီးရိုက်ကူးထားပါတယ်။

2 comments:

နေစိုးနိုင် said...

ငမိုက်သား ညီလေး
ရေးတတ်လိုက်တာ

Anonymous said...

ဟဲ...ဟဲ
အလောက်လဲဟုတ်ပါဘူး