Sunday, May 09, 2010

မေမေ့ပါးပြင်

ဟိုယခင် ငယ်စဉ်က ပြည့်ဖြိုးခဲ့ မေမေ့ပါးပြင်

မိသားစုအတွက်ပေးဆပ် ယခုအခါ
အမေ့ပါးထက်မှာ အသားမကပ်တော့ဘူး။
သူမပါးပြင်မှာ အသားမရှိတော့ပေမယ့်
သားတွေအတွက်ဆိုရင် အားပင်ရှိနေသေးတယ်။

သားတို့အလှည့်ရောက်တော့
ဝမ်းမဝရုံအပြင် ခါးလှအောင်လည်း မဆင်နိုင်ဘူး
ဒီလူအ, ရင်မှာလေ ဆို့နင့်လို့ ရူး.............

ရေတမာ
1;32AM
09/05 SUN

18 comments:

Anonymous said...

ကြိုက်တယ်
ညီလေးရေ..
မင်းအနုပညာကိုလေးစားပါတယ်ကွာ

ညလင်းအိမ် said...

သူမပါးပြင်မှာ အသားမရှိတော့ပေမယ့်
သားတွေအတွက်ဆို အားပင်ရှိနေသေးတယ် ..


ခံစားမိတယ်ဗျာ ....

သံလွင် HeRo said...

အမေတိုင်းရဲ့ ရုပ်ရည် နုပျိုနေဆဲပါ။

Sein Lyan Tun said...

ရင်ထဲမှာ ထာဝရ ရှင်သန်နေတာ အမေ

ထာဝရ မြင်နေတာ အမေ

သားဆီက အမေလိုတာ သူ့ ခါးလှအောင် ဆင်ဖို့ မဟုတ်ဘူး

သားဝမ်းဝအောင် နေဖို့ ...။

ရင်မှာ ဆို့နင့်ပြီး ရူးနေမယ့်အစား အမေ့ကို မေတ္တာပို့ ကန်တော့လိုက်ပေါ့...။ အမေ့ပီတိ ကို စားလိုက်ပါ။

ချစ်ခင်စွာ
အကိုကြီးးးးး

kaungkinpyar said...

ဒီလိုလေးတွေ သတိရနေတယ် ဆိုတာ ကိုပဲ အမေ ကသိရင် စိတ်ချမ်းသာနေမှာပါ..

ကိုလူထွေး said...

ပါးပြင်မှာ အသားမရှိပေမယ့်
သားတွေအတွက် အားရှိနေတယ်


ဆိုတဲ့ အစပ်က ထိတယ်...

းဝ)

မြစ်ကျိုးအင်း said...

အမေ့မေတ္တာက မကုန်ခမ်းမယ့် အားအင်တွေနဲ့ တူပါရဲ့။

Beauty Studio USA Branded Store said...

သားတို့အလှည့်ရောက်တော့
ဆို့နင့်ရူးရပါတယ်ဗျာ။

Angel Shaper said...

ဆံဖြူပြီး သွားကျိုးနေပါစေ ပါးထက်မှာ အသားမရှိတော့ပေမယ့် အမေတိုင်းရဲ့ရုပ်ရည်ဟာ
အမြဲလှနေမှာပါ။ ခါးပင်ကိုင်းနေပါစေ သားသမီးတွေအတွက အားအင်အမြဲပြည့်နေတာပါ။
ကဲ.........ရာကြီးးးးးးးးးးးးရေ
နင်လိမ္မာဖို့ပဲလိုတယ်နော် :P

Nge Naing said...

အမေအတွက် ရေးထားတဲ့ ကဗျာလေး လာခံစားသွားပါတယ်။ မိဘကျေးဇူး သိတတ်တဲ့ သားသမီးများအားလုံး ပျော်ရွှင် ချမ်းမြေ့တဲ့ ဘ၀ကို ပိုင်ဆိုင်ရပါစေ။

မိုးခါး said...

မရူးပါနဲ့
ကိုယ့်အလှည့်ဆိုတာ ရှိလာမှာပေါ့ ..း))

သမီးကြီး said...

ဒီကဗျာဖတ်ပြီး မေမေ့ကိုလွမ်းလိုက်တာ။ ဒီလောက်သိတတ်ရုံနဲ့တင်တောင် ရေတမာ့ မေမေအမောတွေပြေလောက်ပါပြီ။

noblemoe said...

အင်းပြောချင်တာတွေ အထက်ကပြောသွားပြီ...
တုနှိုင်းလို့ မမှီတာမိဘ မေတ်တာ ပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

Zay Tar Yar said...

ဟုတ်ပအမေတွေများ အံ့သြပါ့
ဇေတို့လိုစိတ်နဲ့များ ကွာလိုက်တာမုန့်ကျတော့
သူ့အတွက်မပါဘူး ပြန်လာရင်တော့သူကမုန့်
လုပ်ကြွေးတယ် အမြင်ကိုကပ်တယ် ....

kiki said...

စုန်ရေ နဲ့  ဆန်ရေ က
အဲ့သလို ကွာခြားကြတာလေ ...
ရာတမေ သိရင် အမေ ကျေနပ် မှာ ပါ ။
ကျေးဇူးဆပ်ဖို့ 
အချိန်မနှောင်းသေးဘူး နော် ..

ပုံ့မေ said...

တော်ချက်....

ဒီလိုကျတော့လဲ ပြုတ်မနူးက ဟုတ်နေသား =)

အမေ့ကိုတော့ ချစ်တယ်။ အမေ့ရှေ့ ရောက်ရင် အကုန်ဖွင့်ပြောမိနေတတ်တယ်။ အဲမို့ မာမီ့ကို သတိရထှာ....

what is good things said...

တိုတိုလေးနဲ့ ထိမိတဲ့ကဗျာလေးပါ။
ရေတမာ့အမေသိပါစေ..။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အမေ့ဆီက ပြန်လာတာ ၂ ရက်ပဲ ရှိသေးတယ်.. ဒီကဗျာလေးကို ဖတ်မိတော့ အမေ့မျက်နှာကို ပြန်လည်မြင်ကြည့်မိတယ် ဗျာ... ထိတယ်.. မိတယ်... မျက်ရည်စို့တယ်...

အမေအားလုံး သာယာချမ်းမြေ့ကြပါစေ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)