သေသေချာချာပဲ မသေချာတာတွေ လုပ်ရင်း
ရေရေရာရာပဲ မရေရာတဲ့ လမ်းတွေမှာ..
ပြေပြေလည်လည်ပဲ မပြေလည်မှုတွေ ကြုံရတဲ့အခါ
သက်သက်သာသာပဲ မသက်မသာနဲပေါ့
ပျော်ပျော်ရွင်ရွင်ပဲ မပျော်ရွင်ခြင်းတွေ ရပြန်တော့
ပီပီပြင်ပြင်ပဲ မပီမပြင် ပြုံးခဲ့ရတယ်။
ပွင့်ပွင့်လင်းလင်းပဲ မပွင့်လင်းခဲ့ဘူးဆိုတာ
ရိုးရိုးသားသားပဲ မရိုးသားခဲ့ကြောင်း ဝန်ခံပါတယ်
ရှုပ်ရှုပ်ထွေးထွေးပဲ မရှုပ်ထွေးဖို့ ကြိုးစားရင်း
ပြတ်ပြတ်သားသားပဲ မပြတ်သားနိုင်ခဲ့ပြန်ဘူး။
ချစ်ချစ်ခင်ခင်ပဲ မချစ်ခင်မှတော့
လွမ်းလွမ်းဆွေးဆွေးပဲ မလွမ်းဆွေးဖို့ ကြိုးစားပါဦးမယ်။
လွတ်လွတ်လပ်လပ်ပဲ မလွတ်လပ်တော့ဘူးဆိုရင်
ရေတမာ
23-09-10
ဒီဇင်ဘာ မိုး
3 months ago