Face Book မှာ Premier Football ကိုဆော့နေတာ ကြာပြီ။ ဘာတွေဆော့သလဲ ဆိုတော့ ကိုယ့်ရဲ့ Level မြင့်လာအောင် ဆော့တယ်။ Level တွေကလည်း တော်တော်လေးများ၏။ အခုရောက်နေတဲ့ Level က အပျော်တမ်းအဆင့်၃။ ရမှတ်တွေနဲ့ အဆင့်သတ်မှတ်ပေးထားတယ်ဗျ။
ဘလော့ရေးလာတာလည်း ကြာလာပြီ။ စရေးကတည်းက ကျနော်ဘလော့ဂါ ဆိုတဲ့စာတိုလေးနဲ့ စရေးခဲ့တယ်။ တနှစ်ပြည့်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင် ပိုစ့် ၁၀၀ ပြည့်ခဲ့ပြီ။ အရင်က မနိုင်းနိုင်းရေးထားသလို ပိုစ့် ၅၀ လောက်တောင် ရေးနိုင်ပါ့မလား မသိဘူးလို့ တွေးထင်ဖူးတယ်။ အပျော်တမ်း စာစစာရေးခဲ့တော့ ကျနော့်ကို ကျနော်လည်း အပျော်တမ်း ဘလော့ဂါ အဖြစ် ကိုယ့်ဘာသာ သတ်မှတ်ပါတယ်။
ဝမ်းစာမပြည့်ဝတော့ ရသတွေလည်း ပေးစွမ်းခဲ့လိမ့်မယ် မထင်ပါဘူး။ သို့သော် တတ်သလောက်လေး ရေးချရင်းနဲ့ ပျော်မွှေ့နေရော။ အရည်အချင်းမပြည့်တပြည့် အရေအတွက်လေးအတွက်တော့ တန်ဖိုးထားမိတာ အမှန်ပါ။ နောက်ဖက်ကို ပြန်ကြည့်တဲ့အခါ မှတ်တိုင်လေးတွေ အဖြစ်ရှိနေအောင် ရေးသားခဲ့တယ်။ အပျော်တမ်းကနေ နောင်တချိန် ပရိုဆန်ဆန် ရေးသားချင်ပါတယ်။
ကျနော့ရဲ့ ဘလော့လင့်ကို ထည့်ထားပေးထားကြတဲ့ ဘလော့ဂါအပေါင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ဆီကနေ လာလည်ကြတာတွေ့ရတော့ အများကြီး ၀မ်းသာတယ်။ ရေးရတာလည်း အားရှိတယ်။ ကွန်းမန့်ပေးသွားသူများ လာလည်သွားသူများအား ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ လာလည်ကြလို့ ဒီလောက်ရေးနိုင်တာပါ။

တစ်ရာ နှင့် တစ်နှစ်
တစ်ရာဆိုတာ
ရာခိုင်နှုန်းသဘောတရာအရ ပြည့်ဝတဲ့သဘော
ရေအေးတွေကို ဆူစေတဲ့ အပူချိန်
ငါ့တစ်ရာကရော
ဘယ်လောက်ပြည့်ဝ ဘယ်လောက် ပြောင်းလဲမလဲ။
မစွမ်းပေမယ့် မျှော်မှန်းခဲ့ဘူးတာ။
တစ်နှစ်ဆိုတာ
သူငယ်ချင်းဆိုတဲ့ နေ့ရက်လတွေနဲ့ ဖွဲ့စည်းထားတဲ့
ပျော်စရာ ရာသီတွေပဲပေါ့။
ပျော်ရွင်ကြပါစေ
ရေတမာ
06း04pm FRI
18-12-09

22 comments:
တစ်
ဟော ဒီ မှာ.... ၂
လာ ပြန် ပြီ..... ၃
နောက် ပြီး တော့........... ၎
ဒီ တစ် ခါ...... ၅ ဖြစ် ရ မယ်။
ခု တစ် ခေါက်........ ၆
လာ လေ ရော့.. ၇ ကွ။
ကဲ.... လပ်ကီး ဆဲဗင်း ပြီး ရင်..
ပို့စ့်လေးလဲ ဖတ်ပါရစေ ဦး ဗျာ......
ကြုံ ကြိုက် တုန်းးးးးးးးးးးးးးးးးးးး ၉ ဟဲဟဲ
ဟဟ.......
ရာတမေ ရယ်....
တစ်ရာ့ နှင့် တစ်နှစ် ဆိုလို့ နင့်အသက် အဲလောက်ပြည့်ပြီလား မှတ်ပါတယ်။
အဟဲ...ပို့စ်အရေအတွက်နဲ့ ဘလော့သက်တမ်းလေး ပြောတာပါလားးးးးးးးးးးးးးးးးးးး
တစ်နှစ်အတွင်း ရရှိလိုက်တဲ့ သူငယ်ချင်းတွေနဲ့အတူ
အကျိုးပြုတဲ့ ပိုစ့်လေးတွေ၊ ရယ်စရာ ပေါ့ပေါ့ပါးပါး ပိုစ့်လေးတွေ၊ ခံစားချက်လေးတွေ မျှဝေရင်းးး ဆက်လက်ပြီးတော့ ပျော်ပျော်ပါပါးကြီး လှေလှော်သွားနိုင်ပါစေနော်။ အဲလေ.....
ဘလော့ဂင်းးးးးးးးးးးနိုင်ပါစေဟာနော်.....
ကဲ.... တစ်ရာ နှင့် တစ်နှစ် ပို့စ်လေးကို
တစ်ဆယ်နဲ့ တစ်ခု ပြည့်အောင် မန့်သွားတယ်နော်။
အဟဲ.....
အကို ရာတမေ...
သူငယ်ချင်း ပုပ်ကြီးးးးး
အဆင်ပြေပျော်ရွှင်ပါစေဟ။
တစ်နှစ်ပြည့်ဘလော့သက်တမ်းနဲ့ တစ်ရာပြည့်ပိုစ့်အတွက်
ဂုဏ်ပြုပါတယ်။ နောက်ထပ်ပိုစ့်များများဆက်လက်တင်နိုင်
ပါစေ။ ဘလော့လောကရဲ့ သက်တမ်းလည်းရှည်ပါစေ၊ ရေတမာရေ..။
နောက်ထပ်လည်း စာတွေ ရာထောင်ချီပြီး ရေးသားနိုင်ပါစေး)
ဟေ
အိမ်ကျယ်က ရေတမာ ပုပ်ကြီး ဆိုပါလားးးးးးးးးးးး ???????????????????????????
ဪ ညီလေးရာတမေက တစ်နှစ်တောင်ပြည့်သွားပြီပေါ့။
နောက်ထပ် အများကြီးရေနိုင်ပါစေဗျာ
ကိုရီနို
ပရို ကြီး ဖြစ်တဲ့ ထိ စာတွေ အများကြီးရေးနိုင်ပါစေ....
ပျော်စရာ ရာသီတွေပဲ အမြဲ တွေ့ပါစေ...
အယ်... နင်ဒီလောက်အသက်ကြီးတွားပြီပေါ့... လမ်းမှာတွေ့ ရင် ငါရိုရိုသေသေ ဆက်ဆံပါ့မယ်ဟာ... (ဖုန်းး... ဒုန်းးး... အုန်းးးး... ဒါကအကြိုပေါ့ =P)
ဆက်ပြီးရေးပါဟာ... နင့်ကီးဘုတ်အောက်မှာ ဖားတွေလို ပြားပြားဝပ်သွားကြအောင်... ;)
(အရင်ဆုံး ကီးဘုတ်ပျက်ပါစေ =P)
ဘလော့ရေးတာ ကျနော်နဲ့ ရက်ပိုင်းပဲ ကွာတယ်။ ကျနော့်ထက် တပါတ်လောက်တော့ သူငယ်ချင်းက ဘလော့ဝါ ကြီးတယ်ဗျ။
နောက်နှစ်တွေတိုင်အောင် ချီတက်နိင်ပါစေဗျာ
ဘာပဲဖြစ်ဖြစ် တယောက်ကို တယောက် အားပေး ပြီး ရနိင်သလောက်ထိ ရှေ့ဆက်ကြတာပေါ့။
အဆင်ပြေပျော်ရွှင်ပါစေဗျာ။
ခင်မင်သောအားဖြင့်
(မြစ်ကျိုးအင်း)
မင်္ဂလာပါ..
ပို့စ်က ၁၀၀ , သက်တန်းက ၁ နှစ်, အားလုံးပေါင်းတော့ ၁၀၁... ထိုးကြဟေ့.. ၁၀၁ တဲ့... :) :)..
ပျော်ရွှင်ချမ်းမြေ့ပါစေလို့...
ခင်မင်စွာဖြင့်
ကိုမျိုး
တစ်နှစ်ပြည့်မှသည် နောက်နှစ်တွေမှာလည်း ဒီထက်ပိုကောင်းတဲ့ စာများ ပို့စ်များ ဆက်လက်ရေးသားနိုင်ပါစေ
အစဉ်အားပေးလျက်
ပိုစ့် တစ်ရာမှသည် နောင်ပိုစ့်ကောင်းပေါင်းများစွာ ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အစစအရာရာ ပျော်ရွှင်ဖွယ် ဆက်ပြီ ဘလော့ဆိုတာကို ဂင်းနိုင်ပါစေ
တိုတို သွားထိုးဦးမှ အတိတ်တွေ ပေးနေတယ်
လေးစားလျက်
တောင်ပေါ်သား
ဂုဏ်ယူပါတယ်ခင်ဗျ..နောင်ထပ်၁၀၀၀လောက်ထပ်ရေး နိုင်ပါစေဗျာ
Post a Comment