
ရန်ကုန်-မန္တလေးမီးရထားကို ဂတီးဂတီးစီးဘူးပါတယ်။ မိသားစုနဲ့ သူငယ်ချင်းနဲ့ တယောက်တည်း စသည့်ဖြင့်။ စထွက်တဲ့ ခရီးစဉ်ကနေ ဆုံးတဲ့အထိ ခံစားချက်အမျိုးမျိုးနဲ့ကိုစီးတယ်။ သမရိုးကျစီးတယ်။ စိတ်ကူးပေါက်သလိုလည်း စီးခဲ့တယ်။ ဟာသတွေရှိတယ်။ စိတ်မသက်မသာတာတွေရှိခဲ့တယ်။ အကြောက်တရားတွေရှိခဲ့တယ်။ မီးရထားကြီးကို စီးဘူးခဲ့ပါတယ်။
အလင်းနဲ့ အမှောင်ယှဉ်လိုက်ရင် ဗီလိန်က အမှောင်ပါ။ မကောင်းတဲ့ အရာတွေ အကုန်အမှောင်ထဲသွင်း ကြတာများပါတယ်။ နေ၀င်ဖြိုးဖျတောင် ခေါ်တာ အပုပ်ချိန် တဲ့။ မကောင်းတဲ့သူတွေလည်း အမှောင်ကိုမျှော်ကြသည်။ ဒါက သူ့အကြောင်းနဲ့ သူ။
ရထားကြီးပေါ်ကတွေ့ခဲ့တဲ့ အမှောင်က တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။ အရာအားလုံးဟာ တန်းညှိပြီးသားပဲ။ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ဆိုးတာ၊ ရုပ်ချောတာ၊ ဘာမှမရှိဘူး။ သူဘာကောင်လဲ ငါဘာကောင်လဲ မရှိဘူး။ ဝေးဝေးကကြည့်လို့လားမသိဘူး စိတ်တော့အတော် ချမ်းသာတယ်။ ခဏတဖြုတ် ကျေနပ်မှုကိုလည်း ကျေနပ်ဖို့လိုသေးတယ်လေ။ စာမဖွဲ့လောက်ပေမယ့် များများရှိလေ ကောင်းလေပဲ။
အမှောင်ထဲမှာ ချောင်းတော့ မရိုက်နဲ့ပေါ့။ လဲကျလည်း မကူနိုင်သလို။ ငါ့လည်း လာမထူနိုင်ပါဘူး။ ဒါပေမယ့် အိပ်ချင်တယ်ဆို အိပ်လိုက်။ အလုပ်ရှိတယ်ဆို လုပ်လိုက်။ ဒီအတွက် ဆိုးမွေ ကောင်းမွေ ကိုယ့်ဘာသာ ကိုယ်ခံရမှာပဲလေ။
ဒီအတွက် ပြောချင်တာတွေ ရှိရင်လည်း ရှိမယ်။ မရှိရင်လည်း မရှိဘူး။ လွတ်လပ်စွာ ၀ိဝါဒကွဲပြားနိုင်ပါတယ်။
19 comments:
အမှောင် မကြိုက်ဘူးးကြောက်တတ်တယ်...
ဟိုက်... ရာတမေ တယောက် ရန်ကုန်-မန်း မီးရထား ကြီးစီးတုံး ချောင်းပြီး အရိုက်ခံ ခဲ့  ရဖူးတာလား ....
နောက်ဆို သတိထားပေါ့အေ ..
လက်နှိပ်ဓါတ်မီးလေး ဆောင်ထား ..
ဖယောင်းတိုင် ကတော့ ရထားပေါ်မှာလေတိုက်ရင် ခဏခဏ မီးငြိမ်း နေမစိုးလို့ ...
ပြီးတော့ အန္တရာယ်ကင်း ပရိတ်လေး ရွတ် နော်`
ရေတမာရေ
တို့က ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ် ခဏခဏ ရောက်ခဲ့ဘူးတယ်...
ဟိုင်းဝေး ကားလမ်းမကြီးပေါ်ကနေ မှောင်မည်းနေတဲ့ အချိန်မှာ မီးရထားတွေ ဖြတ်သွားတာကိုလဲခဏခဏ တွေ့ခဲ့ဘူးတယ်..
အဲဒီအချိန်တုန်းက ကားပေါ်ကလူက မီးရထားပေါ်ကလူတွေကို သနားနေမိတယ်...
မီးရထားကြီးကိုလဲ သနားနေရော...
ဘာကြောင့်မှန်းလဲသိဘူး....
ခုချိန်ထိလဲသိဘူး...
ခုချိန်မှာ သိလိုက်တာက
ကားလမ်းမကြီးကိုရော မီးရထားတွေကိုရော အရမ်းလွမ်းတယ်...
နှင်း
ညအမှောင်ထဲမှာ ကားစီးရတာတော့ကြိုက်တယ်။ ရထားလဲစီးဖူးပါတယ်. ဒါပေမယ့် အိပ်လိုက်တာများတော့ အမှောင်ကိုသတိမထားမိလိုက်ဘူးဗျ. နောက်ကြုံမှ သေချာကြည့်ရမယ် ဘယ်လိုအမှောင်လဲဆိုတာ.
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
မကောင်းကင်ဗျာ။ အမှောင်ကြောက်တယ်ဆိုတော့ ဗီလိန့်ကိုလည်းကြောက်တယ်ပေါ့။ :P
ရေတမာလည်းစိတ်လျှော့နော် အမှောင်ထဲ စွတ်ဝင်မနေနဲ့ဦး။ အဖမ်းခံရမယ်။ ဟိဟိ
မှန်ပါတယ် အမှောင်ဆို နေတတ်တယ် လူကျင့်ဝတ်တရားကို မဖောက်ဖျက်ဘူးဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ မှောင်ထဲမှာနေပြီး အမှောင်ကို တိုးဝင်တာကတော့ မိုက်မဲလွန်းပါတယ်။ အားလုံးပဲ အမှောင်ထဲကနေ အလင်းကို တွေ့ရှိနိုင်ပါစေ မျှတတဲ့ စိတ်ကလေးတွေ ထားနိုင်ကြပါစေ
လေးစားလျက်
တောင်ပေါ်သား
သူ့ ဟာသူ တန်းဖိုးတော့ ရှိနေပါတယ်။
အကောင်းလို့ တွေးလိုက်မိရင်း အကောင်းဖြစ်သွားမယ်။
ကြောက်စရာလို့ တွေါ်လိုက်ရင် လည်း တကယ်ကိုကြောက်စရာ ဖြစ်သွားမှာပဲ။
ဒါကြောင့် အတွေးကောင်းရင် အမှောင်လည်း အကောင်း
ဖြစ်မှာပါ။
ခင်မင်လျှက်
ကိုရီနိုမာန်
ဂတီးဂတီးစီးတယ်ဆိုတာဘယ်လိုမျိုးလဲဟင် ???
အမှောင်မှာလျှောက်လှမ်းမဲ့သူလမ်းပြမဲ့သူမရှိဘူး
ကြီးပြင်းလို့တို့တွေအတူတူလောကရဲ့လမ်းတွေ
အပေါ်ဆိုးကျ မိုက်ကျရင်း ရုန်းထွက်တော့
မင်းကမပါလာပဲ...အမှောင်ထဲမှာ ဆက်လျှောက်
နေဆဲ.....
လူသားတိုင်းအမှားနဲ့မကင်းနိုင်ပေမဲ့
တရားသောနည်းနဲ့အမှောင်ထဲရောက်နေ
သူတွေရော
လမ်းပျောက်နေသူတွေပါ အလင်းရောင်(လေးဖြူအသံ) အမြန်ဆုံးတွေ.
ကြပါစေ။
အမှောင်ထဲ သေချာတော့ မကြည့်ရဲဘူးဟ
ငါ့ကို လျှာလာ ထုတ်ပြမှာ ကြောက်လို့
:D
တို့ကတော့ ရထားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားတာမို့ မှောင်လား လင်းလားတောင် မခံစားဖြစ်ပါဘူး။ ရေတမာရဲ့ ဖြန့်ကျက်တွေးတတ်တာကိုတော့ တကယ် လေးစားတယ်တော့
အမှောင်ထဲတွင် ဘာမှမှ မကြည့်ရဲ။ မလှုပ်ရဲကြောင်း
ဟီးဟီးးးးးးးးးးးးး
ငါ့သူငယ်ချင်းကြီး အတွေးတွေ ကောင်းကောင်းလေးနဲ့ ရေးပြတတ်တာကိုတော့ ချီးမကျွေးပဲမနေနိုင်ဘူး အဲလေ... မချီးကျူးပဲကို မနေနိုင်ဘူးးးး
ရေခဲမုန့်ဝယ်ကျွေးးး ဒါပဲ။
ရထားထဲ မှောင်နေရင် ကြောက်တယ်... လူဆိုးတွေကိုကြောက်တာပါ... ခါးပိုက်နှိုက်တို့.... ဓါးပြတို့ကို....
ရန်ကုန် မန္တလေး ရထားစီးရတာ ပျော်တယ်။ အမှောင်ရဲ့  အရသာက တစ်ခါတစ်လေ ငြိမ်းချမ်းတယ်။
ရထားကတော့ ဒီရောက်မှပဲ MRT စီးဖူးတယ်။ ရထားပေါ်ကတွေ့ခဲ့ရတဲ့ အမှောင်ဆိုလို့ မြေအောက်ထဲရောက်သွားရင် ဘာမှ မမြင်ရဘူးလေ။ အမှောင်ဆိုရင် ဘယ်နေရာမှ မကောင်းဘူး။ ကြောက်စရာကြီးလေ...
မှောင်တယ်
မိုက်တယ်
မည်းတယ်
ဘာမှမမြင်ရဘူး.. အမှောင်ကိုကြောက်တယ်
ဘာမှမမြင်ရဘူး.. အလင်းကို မျှော်နေမိတယ်
လင်းတယ်
လတ်တယ်
ရောင်ဝါထွက်တယ်
အရာအားလုံးကို မြင်နေရတယ်.. အလင်းကို ကြောက်တယ်..
အရာအားလုံးကိုမြင်နေရတယ်.. အမှောင်ထဲကို ပြန်သွားချင်နေမိတယ်..တစ်ခါတစ်လေပေါ့လေ..
(လေဘ ဒေါသ မောဟ)
ပျော်ရွှင်ပါစေညီရေ..
ခင်မင်စွာဖြင့်
စည်သူ။
အမှောင်ကိုတော့ မကြိုက်ဘူး။ ဒါပေမယ့် မှောင်ခါနီး အချိန်ကိုတော့ သဘောကျတယ်။ နေဝင်ချိန်ရောက်လာရင် တခုခုကို လွမ်းသလိုလို ခံစားရလို့။ "တနေကုန်သွားရင် သေဖို့ တစ်ရက်နီးသွားပြီလေ။ အလဟသ ဖြုန်းပစ်ခဲ့မိတဲ့ အချိန်တွေကို လွမ်းတယ်။"
အဲ တို့ များကတော့ မှောင်လာရင် ပိုကြိုက်... အိပ်ရတော့မယ်လေ..... :P
တောကြောင်တွေလက်ခမောင်းခတ်ကြသည်။ :)
ပလပ် ပလပ် ( လက်ခမောင်းခတ်သံ )
တောကြောင်တွေလက်ခမောင်းခတ်ကြသည်။ :)
ပလပ် ပလပ် ( လက်ခမောင်းခတ်သံ )
Post a Comment