Monday, September 28, 2009

စိတ်ကူးသက်သက်များ

21 comment
လူဝါးဝတယ်။
သူများဘလော့တွေ သွားလည်ရင် comment တစ်ကြောင်းလောက် ပြောခဲ့သင့်တယ်။ ကိုယ့်စာတွေကျရင် comment တွေလိုချင်ပြန်ရော။ လူဝါးလုံးလုံးဝခြင်းမဟုတ်ရပါ။

ဆင်ခြေ
ဘလော့တွေ များများလာတာနဲ့အမျှ အချိန်တွေပေးရပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ ပိုစ့်ဆိုရင် အချိန်ပေးလိုက်ပါတယ်။ ပေးချင်တဲ့ မတ်ဆေ့ခ်ျ တိုတိုနဲ့ လိုရင်းပေးနိုင်အောင် ကြိုးစားမယ်။

စရေးကာစကတော့ ဘလော့သည် ကိုယ့်အတွက် ရေးတာကြာလာတော့ ဘလော့သည် ဘလော့ဖတ်သူအတွက်ဖြစ်နေတယ်။

မာန
မကောင်းတဲ့အရာမှန်း သိသိကြီးနဲ့ မဖယ်ရှားနိုင်သေးပါ။ ကိုယ်တိုင် အထိမခံနိုင်ဘဲ သူတပါးကို ပုတ်ခတ်ချင်တာလည်း အားနည်းချက်တစ်ခုပါ။ ပြုပြင်နိုင်အောင် ကြိုးစားရဦးမည်။

သူငယ်ချင်း
ဘလော့ကလေးက အစပြု သူငယ်ချင်းတွေ များများလာတယ်။ တပတ်တခါအမောတွေ သူတို့နဲ့တွေ့ရင် ပျောက်ပျောက်သွားတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ တပါတ်တခါ သူတို့နဲ့ တွေ့ပါရစေ။

ဆက်ရန်

Saturday, September 26, 2009

မမေ့တဲ့နေ့

23 comment
ငယ်သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလေး မလုပ်နိုင်တာကြာပြီ။ ဒီမှာရှိတဲ့အချိန် တစ်ယောက်စ နှစ်ယောက်စနဲ့ပဲ ညစာလိုက် ကျွေးဖြစ်တယ်။ ဒီနှစ်ရော ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ Face Book မှတင် ထားတော့ အရင်ဆုံး မမကောင်းကင်ပြာကသိတယ်။ နောက်တော့ နွေးနေခြည်။ မကြည်ဇာလွင်။ တလနွန်တို့က မွေးနေ့ အတွက်ဆုတောင်းပေးကြတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။ ၃ရက်လောက် ကြိုသိနေတဲ့ မမကောင်းကင်ပြာကို Tuas ထဲလိုက်ပို့မယ် မုန့်ကျွေးမယ် ဆိုပြီးစိတ်ကူးထားတယ်။ မမရောင်က Sembawang Beach သွားချင်တယ်ဆိုတော့ မွေးနေ့မှာ စိတ်အေးအေးချမ်းချမ်းနဲ့ နေမယ်။ ဘုန်းကြီးကျောင်းနဲ့ နီးတယ် ဆိုတော့ သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့ လိုက်ပို့ပေးမယ်လို့ ပြောလိုက်တယ်။ မမရောင်ရဲ့ သူငယ်ချင်းလည်း မရောက်ဖူးဘူး ဆိုတော့ သုံးယောက်သားသွားကြတယ်။

လေတဖြူးဖြူး ဗန်ဒါရွှက်တွေ ဝေနေတဲ့ ကမ်းခြေ

လူသံတိတ်ဆိတ်တဲ့ ကမ်းခြေက တမျိုးတစ်ဘာသာ လှနေပါတယ်။ မမရောင်က အင်ကြင်းပန်းတွေ တွေ့တော့ ခူးတယ်။ သူ့ကိုပန်းပန်ခိုင်း ဓါတ်ပုံရိုက်နဲ့ အရမ်းရီရတယ်။ ဈေးထဲမှာဖျာတွေ့ပေမယ့် မ၀ယ်ဖြစ်ခဲ့လိုက်ဘူး။ ဒီရောက်မှ အမှိုက်သိမ်းတဲ့ ကြွပ်ကြွပ်အိတ်ကို ဖျာလုပ်ထိုင်ကြတယ်။ ညနေကိုဘိုဘိုက Orchard မှာလမ်းသွားလျောက်မယ်တဲ့။ F1 လည်းရှိတယ် ဆိုတော့ အားလုံးဆုံကြမယ် စီစဉ်ကြတယ်။

ဘုန်းကြီးကျောင်းကအပြန် သူငယ်ချင်းတစ်ယောက်ဆီက birthday wish မတ်ဆေ့ခ်ျ လာတော့ မမရောင် သိသွားတယ်။ ကိုတောင်ပေါ်ဆီ ဖုန်းဆက်ပြီး အားလုံးကို ကြေညာမောင်းခတ်ဖို့ ဆော်သြလိုက်ပါတော့တယ်။ မမကောင်းကင်ပြာဆီ သွားဖို့ အချိန်မမှီတော့ဘူး။ ဆုံကြမယ့်နေရာသွားဖို့ စောသေးတာနဲ့ MD မှာ အအေး သောက်ရင်း မေးလ် စစ်ကြတယ်။ ဆုတောင်းပေးတဲ့လူ သိပ်မရှိပါဘူး။ ဖေ့ဘုတ်မှာ ဆုတောင်းပေးတဲ့သူရယ် ကိုနိုင်က မွေးနေ့ပို့လေးနဲ့ ငှက်လွတ်ပေးတဲ့ ပုံရယ်ကြည့်ပြီး ရင်ထဲမှာ ပြောမပြတတ်လောက်အောင် ကြည်နှုးတယ်။ အရမ်းပျော်နေတော့ စာတွေတောင် ကောင်းကောင်းပြန်မရိုက်နိုင်ဘူး။ မတ်ဆေ့ခ်ျနဲ့ဆုတောင်းပေးကြတဲ့ ကိုမျိုးဇော်၊အိန်ဂျယ်၊ကိုရီနို၊ ဖုန်းဆက်ပြီး ဆုတောင်းပေးကြတဲ့ အိန်ဂျယ်၊ ဖိုးချို၊ ကိုမင်းထွန်း၊ ကိုသက်နိုင်၊ ကိုမြင့်ဇော်ဦး စီဘောက်မှာ ဆုတောင်းပေးကြတဲ့ မမကောင်းကင်ပြာ၊ အိမ်ဂျယ်၊ မမေကဆုန်၊ ကိုနိုင်၊ ကိုမင်းထွန်း၊ flower poem၊ သံလွင်၊ Waing၊ မမရောင်၊ ဂျီတော့မှာ ဆုတောင်းပေးတဲ့ waing၊ ကိုသီဟသစ် တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ သူငယ်ချင်းတွေ အားလုံးဆုံအောင် ဆော်သြပေးတဲ့ မမရောင်၊ မေးလ်ပို့ပေးတဲ့ ၉.၇ မီလီယမ်ပိုင်ရှင် ကိုတောင်ပေါ်၊ အလုပ်တွေ မအားတဲ့ ကြားကလာရတဲ့မေလေး၊ မမကောင်းကင်ပြာ၊ ကိုဘိုဘို၊ ကိုသီဟသစ်၊ မိုးခါး၊ မကြယ်နဲ့ သူ့ညီမလေး၊ မေသူ၊ ကိုဂျေး၊အဆိပ်၊ ကိုဆောင်းချမ်းမိုး၊ ဖိုးသင်္ကြန်၊ သဲသဲ၊ မြရေလျဉ် မွေးနေ့မှန်းသိ၍လာခဲ့ကြသော၊ သူငယ်ချင်းများနှင့် ဆုံချင်၍လာခဲ့ကြသော ဆုတောင်းပေးကြသော၊ သူငယ်ချင်း ညီအကို မောင်နှမများအား ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
သူငယ်ချင်းတွေနဲ့ ညစာစားတဲ့ဆိုင်


ပျော်ပျော်ပါးပါး ဝေမျှစားသောက်အပြီး

မပြည့်မစုံနဲ့ ကျင်းပလိုက်ရတဲ့အတွက် သူငယ်ချင်းများကို အားနာပါတယ်။ မထင်မှတ်ဘဲ အပျော်တွေရရှိခဲ့တယ်။ မွေးနေ့လေးမှာ တိုက်တိုက်ဆိုင်ဆိုင် စလုံးက နာမည်ကြီး မင်းသားနဲ့ မင်းသမီး စုံတွဲကို တွေ့လိုက်ရတာလည်း အမှတ်တရပါပဲ။ F1 ရဲ့ အင်ဂျင်သံတွေအောက် ရီသံတွေဖုံးလွမ်းခဲ့တယ်။
ခင်တဲ့
ရေတမာ

Wednesday, September 23, 2009

ပိုလာအူပင်

32 comment
ပိုလာအူပင်
Key-C တေးရေး-ရေတမာ
Intro
Verse I: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C A m
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။
CHO: Am G
ကိုယ်နင်းခဲ့ပါသော်လည်း ခုထိကိုလမ်းမှန်မတွေ့လေတယ်
F C
လမ်းခွဲတွေ ၀င်လေတိုင်း ဟိုတုန်းက မတူတဲ့ အမောက တလှပ်လှပ်ကွယ်
Verse II: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C Am
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။ CHO:
C Am
စင်ကာပူနား ပိုလာအူပင် ကျွန်းမှကွယ်
F C
မော်တော်လေးစီးလို့ ကိုယ်သွားမယ်
C Am
သို့သော်ကွယ် ချစ်ခင်မှုလေးတွေရှိရာ ကျွန်းကို
F C
တခါထပ်ပြီး ဆက်ဆက်ပြန်ခဲ့မယ်

အသွားလေလား အပြန်လား


ဒီရေအိုင်က ရေက ဘာဖြစ်တယ်ဆိုလား


ဒီလို ဒီလို အကောင်တွေလည်း ပေါရဲ့


ကြည့်သောသူ မြင်၏


ဥာဏ်စမ်း ပဟေဋ္ဌိ အဖြေညှိမလား
( p.s - ပျော်စေချင်၍ ကူးယူထားခြင်းဖြစ်ပါတယ်။ တေးရေးတေးဆိုများအား တောင်းပန်အပ်ပါသည်။ family cord လေးတွေ ပြောပြပေးတဲ့ အိမ်ဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်)

Thursday, September 17, 2009

ဈေးသည်

21 comment

ကိုယ်ကျင့်တရားတွေ မေတ္တာတရားတွေ
စေတနာတွေ ကရုဏာတွေ အချိန်တွေ
မဖြစ်စလောက် ဒေါ်လာလေးနှင့်
ရောင်းပေးနေပါတယ်။

အပြုံးတုတွေ လက်ဆောင်ပေးပါသည်။
ဟန်ဆောင်ခြင်းတွေ အဆစ်ပေးပါသည်။





ပုံကို ဒီက ရယူပါတယ်။ http://www.flickr.com/photos/meckleychina/2236443436/
(ပုံရှာပေးတဲ့ ကိုဘိုဘို ကိုကျေးဇူးတင်ပါတယ်)

Sunday, September 13, 2009

မဖြစ်သင့်ဘူးဗျာ

22 comment
မနေ့က အပြင်သွားမလို့ ကားစောင့်နေတုန်း အမျိုးသမီးတစ်ယောက် ကားမှတ်တိုင်ဆီ လျှောက်လာတယ်။ ၀တ်လာတာ သူ့သမီး စကပ်လားမသိဘူး။ တိုလိုက်တာ။ ပေါင်တန်သွယ်သွယ်နဲ့ စကပ်တိုတို အသားဖြူဖြူ ဆိုတော့ လှတာတော့ လှပါတယ်။ တိုလွန်းတော့ မမြင်သင့်တာတွေ မြင်ကုန်။ ပေါ်ကုန်ရင် မခက်ပေဘူးလား။ သူကတော့ ၀တ်နေကျလားမသိဘူး။ အေးဆေးပဲ ပေါင်ရင်းလောက် စကပ်တိုတိုနဲ့ တင်ပါးလိမ် ချိတ်ထိုင် နေ တယ်။

ဒီလို ၀တ်တာ လွတ်လပ်ပေါ့ပါး ၀တ်ချင်လို့လား။ sexy ကျကျဝတ်ချင်လို့လား။ လူကြည့်ခံချင်လို့လား။ သူမသာ သိပါလိမ့်မယ်။ ကျနော့်အမြင်တော့ မဖြစ်သင့်ဘူးထင်တယ်။ အတိုဝတ်ချင်လည်း ဒီထက်နည်းနည်းရှည်တဲ့ အတိုလည်း ၀တ်လို့ရပါတယ်။ တခြား ဖက်ရှင် ကျကျ sexy ကျကျ အတိုတွေ အများကြီးပါ။ တခြား မဖော်ဘဲ sexy ကျကျဝတ်လို့ရတဲ့ ဒီဇိုင်းတွေ အများကြီးပါ။ ကျနော့်အမြင်ပါ။ သူ့ဘာသာ ရှိလို့ဝတ်တာပဲ။ အနေသာကြီးပါ။

လွတ်လပ်ပြီး မင်းရှိတိုင်းပြည်ဆိုတော့လည်း လုပ်သမျှတင့်တယ်နေလိုက်တာ။ မင်းမဲ့နိုင်ငံလိုမျိုးဆို တဏှာရဲ့ သားကောင်ဖြစ်သွားမှာ အသေချာပါပဲ။ နှမချင်းမစာနာတဲ့သူနဲ့ တွေ့ရင်တော့ အင်တာနက်ပေါ် ရောက်သွားနိုင်ပါတယ်။ ဒီလိုဝတ်တော့သူလည်း အန္တရာယ်ရှိသလို။ ကျနော်တို့လည်း အန္တရာယ်ရှိပါတယ်။ ဒီလိုဗျာ











ခင်တဲ့
ရေတမာ

Thursday, September 03, 2009

လူအ အိပ်မက်

17 comment

ဘဏ်တိုက်ကြီး ဖင်ခု
တနေ့ ကွန်ပြူတာ တစ်လုံး တစ်လုံး ဥ ခိုင်းမယ်။

အတောင် ၂၀ ထဲက ၃ တောင်နှုတ်
ပိုတဲ့အတောင်တွေ ခြင်ထောင်လုပ်ပစ်ချင်တယ်။

ဒုက္ခဆိုတဲ့ စကားတွေကြား နားလေးတဲ့စက် ထားချင်တယ်။
ငြိမ်းချမ်းရေး သံစဉ်များ ကမ္ဘာအနှံကြားစေချင်တယ်။

ရေတမာ